.

.
.

Wednesday, June 18, 2014

"ဘီဘီစီ"

အသစ်ကျပ်ချွတ်ထုတ်လုပ်လိုက်တဲ့ အရည်ချွဲချွဲ
ကလေးလေးကို ၎င်း
ကြိုက်မှာမသေချာတဲ့ လူတွေဟာ
ဘာလို့ နာမည်တွေလျှောက်ပေးကြတာလဲ (ကိုယ့်ကိုယ်ကိုယ်လည်း)
မသိဘူး၊ ဒါပေမဲ့
နှင်းဆီ(ဆိုတဲ့ သူမဘာသာပေးထားတဲ့ နာမည်
အတု)ကို ဘိုင်နိမ်းနဲ့ ခေါ်တဲ့အခါ အပြင်မှာ
အသံတွေဆူညံနေတယ်ဆိုပေမယ့်လို့
ဆူညံနေတဲ့ အပြင်ထဲကို(ပဲ) သူမ၀င်လာခဲ့(ရပြန်)တယ်
သူမ ကျင့်သားရနေပြီ (လို့ ဇွတ်မှိတ်ယုံထားလိုက်တယ်)
ကမ္ဘာကြီးဟာ မငြိမ်းချမ်းဘူး၊ ဒါမှမဟုတ်/ဒါပေမဲ့
Present Perfect Continuous Tense နဲ့ ဘီဘီစီမြန်မာပိုင်းအစီအစဉ်
ကို ကြိုက်ခဲ့နေ (တဲ့ကာလမှာပဲ
နားလေးသွားပြီး အသံအကျယ်ကြီးနဲ့
ဆက်ဖွင့်) ဆဲ
လုပ်အားနှုန်းကောင်းတဲ့ အစာအိမ်နဲ့ အခန်း
ကျဉ်းလေးထဲမှာ အဖေရင့်မာတစ်ယောက် ရှိနေတယ်၊ (ဟင့်အင်း
အသံတွေကလွဲလို့ ဟင့်အင်း
သူက ဟင့်အင်း သူမလိုတော့ ဟင့်အင်း တခြားအရည်တွေမသောက်တတ်ဘူး
ဟင့်အင်း ဟင့်အင်းးးးးးးးးး)
တီဗီတွေကို သူမ သိပ်မုန်းတယ်၊ သေတဲ့အထိမုန်းတယ်
ဟယ်ရီလင်းကို
“အဆိပ်ငွေကြေး”ဆိုတဲ့ စာသားလောက် တာဝန်ကင်းမဲ့တာမျိုး ရှိဦးမလား
လို့ အဲဒီသီချင်းကို ပလုပ်ပလောင်းဆိုပြီး၊ သူမနို့သီးခေါင်းကို
ပတ်ချာလည်ပတ်ပြေးလေ့ရှိတဲ့
လက်ချောင်းတွေကို မမေးမိအောင်
နေရတာရယ်၊ တခြား စာသားတွေကလည်း အများကြီးပဲဆိုတော့
ကြိုတင်လှူ  ပြီးသား မျက်ကြည်လွှာ နေကာမျက်မှန်
ကာထားပြီး
အဲဒီရုပ်ဆိုးဆိုးမိန်းမတွေ(က)၊ ပွင့်ချင်ယောင်ဆောင်ထားတဲ့ ပန်းခင်းတွေ(ထဲ)၊
နောက်ပြန်ကြီးတွေ ပြေးပြေးနေတာတွေ
ဒီအလုံပိတ် တိုင်ကပ်နာရီဝိုင်းကြီးထဲပေါ့
မလှုပ်မယှက် သူမ
နှင်းဆီလို့ အခေါ်ခံရ ပွင့်ပွင့်နေရ၊ ကတ်ကြေးသဏ္ဌာန်
ဖြစ်ဖြစ်သွားတဲ့ လက်တံလိုလိုတွေကြား/
နဲ့ တစ်မိနစ်တစ်ကြိမ်ကျ၊ တစ်နာရီတစ်ခါ
ညှပ်ညှပ်ခံရ
လို့ ပွင့်ချပ်တွေကို အလွန်အမင်း
နီးစပ်လိုက်တဲ့အခါမျိုးမှာလို
ဆိုးဆိုးဆိုးရွားရွား ကွဲထားတဲ့ အောက်နှုတ်ခမ်း
ကိုယ့်ဇာတ်လမ်းမှာ ကိုယ်ဟာမင်းသမီး
ဆိုပေမယ့်
တကူးတကငှားရွာထားရတဲ့
မိုးအတုကြီးကို တစ်ခုခုမဖြစ်ခင်
ပိတ်ခိုင်းပြီး
အိမ်ပြန်ရလောက်အောင် အိမ်မှာ ရေဒီယိုတစ်လုံးနဲ့
သတ္တိကြွနေတဲ့ ဘဲကြီးက ရှိသေးတယ်။

~တေဇာ (လရောင်လမ်း)

No comments: