.

.
.

Tuesday, April 29, 2014

အလင်းရောင် အရောင်ချာ



အလင်းရောင် အရောင်ချာ




(၁)

နေကာမျက်မှန်အတုဟာ

နေရောင်ကလွဲလို့ ကျန်တာအားလုံးကို

ကာပေးထားတယ်။

(၂)

အလင်းရောင်ဟာ မှော်သွင်းထားသလို

အရောင်ချာပေမယ့်

(၃)

သတင်းတွေကတော့

မူမပျက် လူမပျက် ကာလာစုံ လာတယ်။

အမီလိုက်ဖို့ကြိုးစားပေမယ့်

(၄)

ပုံမှန်သွားလာနေသူတစ်ယောက်အဖို့

လိုက်မီဖို့အလွယ်ကြီးတော့

မဟုတ်ခဲ့ပေဘူး။

ည ၁၂ နာရီခွဲမှာ လိပ်ပြာဟာ

ခုနှစ်ဆယ့်နှစ်ကြိမ်မြောက် ကွဲကွာတယ်။

အိမ်စောင့်နတ်နဲ့ ကိုယ်စောင့်နတ်ဟာ

သူ့ကို မချစ်ဘူး။



မင့်းကို မချစ်ဘူး။

ငါ့ကို မချစ်ဘူး။

မီးပြင်းပြင်းနဲ့ ဝေလငါးကို ကင်ပစ်ချင်ရဲ့။

(၅)

ငါ့အတွက် မဟုတ်ဘူး။

သူ့အတွက် မဟုတ်ဘူး။

နင့်အတွက် မဟုတ်ဘူး။

မင့်းအတွက်လည်း မဟုတ်ခဲ့ပါဘူးကွဲ့။

သေချာကြည့်ကွယ်

မောင်ချောနွယ် ပြောသွားသလို

စိတ်ကြီးရယ် နာလှပါတယ်။

(၆)

သံချောင်းဟာ

အေးစက်နေတဲ့ ထမင်းခဲအပေါ်

တစ်ချက်တီးဖို့ စောင့်နေတယ်။

တက်စီတွေ အိမ်ရှေ့ကဖြတ်တယ်

တစ်စီး နှစ်စီး

ဟုတ်တယ်

သုံး လေးစီး

ငါ မရေလိုက်မိတာလည်း ပါမယ်။      
 




ချိုပိန်းနောင် 
၂၈.၄.၂၀၁၄ (တနလာၤ) 

Saturday, April 26, 2014

စစ်ဖြစ်တဲ့ ညကတည်းက ပုန်းနေခဲ့တယ်





ဒီမယ်
ဟိုဘက်ခန်းက အသံတွေကို တစ်ဆိတ် တိုးပေးစမ်းပါ ။
ဒေါက်ဖိနပ်သံတွေ တဂျိဂျိတွေ
ဖုန်း Ring Tone တွေ တဂျိဂျိတွေ
ကြက်သီးထသံတွေ
သွားကြိတ်သံတွေ ၊ အံကြိတ်သံတွေ
တဂျိဂျိတွေ ။

ဒီမယ်
အရှေ့က အခန်းကို အသံတစ်ဆိတ် တိုးပေးစမ်းပါ ။
ဇွန်း ခက်ရင်းသံပွတ်တိုက်သံတွေ
အ၀တ်စ ချင်း ပွတ်တိုက်သံတွေ
စာအုပ်နဲ့ ခဲတံ ပွတ်တိုက်သံတွေ
တဗျင်းဗျင်းတွေ ။
အသက်ရှူသံတွေ တရှဲရှဲတွေ
အခြောက် ခံ စက်တွေ တ၀ုန်းဝုန်းတောက်လောင်သံတွေ
ညာဘက်ခန်းမှာရော ။

ဒီမယ်
တစ်ဆိတ်လောက် တိုးပေးစမ်းပါ ။
အိမ်ပြာတော်ထဲက ခိုသံ တဟင့်ဟင့်တွေ
ဘာမှမလုပ်တဲ့
နိုဗယ်ဆုနဲ့ အချပ်ပို ငြိမ်းချမ်းရေး
တေးသံတွေ တိုးပေးပါ ။ ရပ်ပေးစမ်းပါ ။

ဆဲဆိုသံ ၊ မတရားသဖြင့် ပြုကျင့်သံ ၊ လိင်ဆက်ဆံသံ ၊ ကလေးငိုသတွေံ
ကျေးဇူးပြုပြီး တိုးပေး ရပ်ပေးကြစမ်းပါ ။
ပုတက် ပုတက် နပိုလီယံ တပ်ဦးက ကုန်းအော်သံတွေ
ကျေးဇူးပြုပြီး တိုးပေး ရပ်ပေးကြစမ်းပါ ။

သာမိုစတက် ငရဲခန်းတွေမှာ လူစင်စစ်က ၀ဲတွေထုလာ ။ နူလာ ။ ဒူလာ ။ အကုန်လာ ။
စိတ်ဓါတ်တွေ ရွဲလာ ။ ကွဲလာ ။ ဖာဖြစ်လာ ။
ခေတ္တ (မဟုတ်)
ကျေးဇူးပြုပြီး တိုးပါ ။ ရပ်ပါ ။

မျှော်စင်ပေါ်က ရောမ အရေးအခင်းတွေ ၊ ဇာအရေးအခင်းတွေ ၊
ဘိုးဟီးမီးယားတွေ ၊ ခရူးဆိတ်တွေ ၊ တောင်နဲ့ မြောက် ခွဲခြားခြင်းတွေ ၊
ငလျင်နဲ့ ဆူနာမီ ၊ နာဂစ်နဲ့ ပြန်လည်တည်ဆောက်ရေး .. ငတ်မွတ်ခြင်းတွေ ၊
ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထ .. စသဖြင့် ကမ္ဘာ့စစ်တွေ ..

ကျေးဇူးပြုပြီး အားလုံး တိုးလိုက် ရပ်လိုက်ကြစမ်းပါ ။
တယ်လီဗွီးရှင်းထဲကနေ လှမ်းလှမ်းမြင်နေရတာ စိတ်မချမ်းသာ ။        ။




(December 8th , 2012)
 

Thursday, April 17, 2014

မာလ်ကာသီး ပိုးထိုးရခြင်း အကြောင်းအရင်း

မာလ်ကာသီး ပိုးထိုးရခြင်း အကြောင်းအရင်း




ကိုယ် ခရစ်နှစ် နှစ်ထောင့်တစ်ဆယ့်နှစ်

ဆယ့်နှစ်လပိုင်းမကုန်ခင် စိုက်ပျိုးရေးဆိုင်ရာ ဟောပြောပွဲတစ်ခုမှာ

 ပြောခဲ့တဲ့ ဟောခဲ့တဲ့ ဒိုင်တွေ။ စိုက်ပျိုးရေးဆိုင်ရာဆိုပေမယ့်

ကျွဲတွေ နွားတွေ ဖင်ကုန်းပြီး ပျိုးပင်စိုက်နေတဲ့ ကောက်စိုက်သမ

ခြေသလုံးပေါ်က မျှော့တွေ ၊ ပြီးခဲ့တဲ့ တစ်ခေါက် ဒါမှမဟုတ်

 နှစ်ခေါက်လောက်တုန်း ရာသီလာစဉ် ပေခဲ့တဲ့ ထမီပေါ်က

 အကွက်တွေ၊

ပေမှန်း သိပေတဲ့ ဗန်းစကားနဲ့  ဝဲလိုက်လို့ ရှိရင်လည်း

ဖျာပတ်ထားရတော့မယ့်အကြောင်းတွေရယ်လို့ တော့ မပါလှပေဘူး။ အဓိက

ကတော့

ဘယ်အပင်ကို ဘယ်လိုစိုက်ရင် စောက်ရေးမပါလောက်အောင် အရည်ရွှမ်းမယ်။

ဘယ်မြေ သြဇာကို ဘယ်လိုသုံးရင် အသီးဝိတ်နဲ့ အပင်ပိသေနိုင်လောက်တဲ့ထိ ကြီးမယ်။

 ကြွယ်ရတာပဲ။

မှတ်မိသလောက်တော့ သြဂဲနစ်။

နှောက်ချေးဟာ သြဂဲနစ်ပဲ၊

ဆယ့်ခွန်နှစ်ယောက်လောက် ကိုက်သတ်ထားပေမယ့် သတ်လို့ မရတဲ့ မြေပွေးဟာ သြဂဲနစ်ပဲ။

 သြဂဲနစ်မှာ လာပါထားတဲ့ ချီးကိုတောင် ကျုံးလို့ မရဘူး။

ကျွန်တော့်သြဇာ ဘယ်လောက်ထိ သက်ရောက်သွား သလဲဆိုရင် တခါသား

 ချာတိတ်တကောင် ပိုးထိတော့ ဆေးရုံတင်ရတယ်။ အမှန်က

 မတင်ခင် သူ့ အဖေက ဒါမျိုးအေးဆေး ပါကွာ ဆိုတဲ့ အထာနဲ့ 

သူသောက်လက်စ ဖက်ကြမ်းမီးနဲ့ စိမ်ပြေနပြေထိုးတာ။

ထိုးလေ အသားက ရှဲကနဲ မြည်လာလေ ထိုးလေ မြည်လာလေနဲ့ 

 နောက်ဆုံး ဆေးလိပ်မီး သေသွားတဲ့အထိပဲ။

ဒါတောင် မီးခြစ်လိုက်ရှာသေးတယ်။ နောက်ဆုံးရှာ

လို့ မရတော့မှ မီးခြစ်မတွေ့ လို့  ငါ့သားလေး အသက်ဆုံးရတော့မယ်

 မင်းတို့ ကြိုးစားချင်ကြိုးစားကယ်ကြည့်လေဆိုပြီး ဆေးရုံရောက်လာတာ။

 လာတာကလည်း တအီအီမြည်နေတဲ့ဘီးတပ်ထားတဲ့လှည်းနဲ့ ။ မြို့ က

မော်တော်ကားတွေ အထူး သဖြင့် အင်ဂျင်ပါဝါ သုံးထောင်အောက် ကောင်တွေမှာဆို

ကီလိုတသိန်းမပြည့်သေးရင် 5W-30 ဆိုတဲ့အင်ဂျင်ဝိုင်သုံးရ တယ်။

ကီလိုတသိန်းကျော်ရင်တော့ 10W-30 ဆိုတဲ့ အင်ဂျင်ဝိုင်သုံးရတယ်။အမှန်ကတော့

 ဘာမှမဆိုင်ပါဘူး။ အင်ဂျင်ဝိုင် လာဝယ်တဲ့သူလာတိုင်း

 ငါတို့ နိုင်ငံဟာ အပူဆုံးပါကွာဆိုပြီး ဆီဟာ အေးရင်ခဲတယ်

ပူရင်ကျဲတယ် ဘာညာလျှောက်ပွား ပြီး ရောင်းတာပဲ။

လဲပြီးလို့ ကီလိုငါးထောင်ပြည့်ရင် နောက်တခါ ထပ်လဲ။

အင်ဂျင်ဝိုင်အဟောင်းတွေကို ကားပိုင်ရှင်အိမ်က မီးစက်မှာ ပြန်သုံး။

အဲဒီကနေ သုံးလို့ ဝမှ ရွာကိုရောက်လာတဲ့ ထန်းလျက်ရည်အရောင်

 အင်ဂျင်ဝိုင်တွေ

သူတို့ ဆီရောက် မလာတာကြာတော့ ခုနကလှည်းက အသံမြည်အီပြီ။

ဒါနဲ့ ချာတိတ်ကိုဘာမြွေကိုက်တာလဲ ကိုက်တဲ့မြွေရောမေးတော့ ဘိုးတော်က

စောက်ရေးမပါတို့ ကျေးရွာ ပေါ်တာငါးကျပ် ကင်းငါးကျပ့်


မြွေဖမ်းလိုက်ရင် ကျုပ်တို့ ဂေဟစနစ် ကြီးထိခိုက်ကုန်မပေါ့။ ထိခိုက်ရင်သြဂဲဘယ်နစ်တော့မလဲ။

မြွေလေးကိုက်မိတာလောက်နဲ့ တော့

ကျုပ်တို့ ဂေဟစနစ်ကြီး အပျက်မခံနိုင်ဘူး။ ခင်ဗျားဒီတိုင်းကုမလား။

အချိန်ငါးမိနစ်ပေးမယ်။ မဟုတ်ရင်တော့ ကျုပ်သားပြန်ခေါ်သွားတော့မယ်ဆိုပဲ။

 ချာတိတ်မသေပါဘူး။ ထရပ်ကား ပေါက်စနလေးပေါ်မှာ ကျွဲရိုင်းသောက်

 ဆေးလိပ်ဖွာ ၊ ပြီးတော့ ဆေးလိပ်တိုကို ကုန်နေ တဲ့ ကျွဲရိုင်းဗူးခွံထဲ

ထည့်ပြီး လမ်းဘေးကို လှမ်းပေါက်လိုက်တယ်။

ဗူးအခွံလေးဟာ ဆေးလိပ်မီးဒဏ်နဲ့  ပူရှာနေရောု့မယ် ဘယ်သူများဆေးလိပ်မီး ဘက်က တွေးပူပေးမလဲဆိုပြီး

တွေးနိုင်တဲ့အထိပဲ။



နေမြဲ ( သုံးလပိုင်း၊၂၀၁၄ )

Wednesday, April 16, 2014

မွေးဖွားပါ ၊၊ ကြီးပြင်းပါ ၊၊ သင်ယူပါ ၊၊ ကြိုးစားပါ ၊၊ ချမ်းသာပါ ၊၊ ဆယ်ထပ်တိုက်မှာနေပါ ၊၊ မွန်းကျပ်ပါ ၊၊ ခုန်ချပါ ၊၊ ငိုပါ ၊၊



နဂါစကီ နျူကလီးယားဗုံးအဆိပ်သင့်ခံ အပြစ်မဲ့ပြည်သူတွေအတွက် ငိုတယ်။
ငိုရတာတွေ များလွန်းနေတော့
အရှေ့ အလယ်ပိုင်းရဲ့ အသည်းနှလုံး ဂျေရုဆလာမ် အတွက် ငိုတယ်
ဘုရားရှိခိုးနေရင်း နဲ့ လည်း ငိုတယ် သမီး ရုံးသွားဖို့ ထွက်လာတဲ့အထိ ငိုနေတုန်းပဲ
အဲ့ဒါ အဖွား
ပြန်တိုင်း တက္ကစီခတောင်းတတ်တဲ့ သူ့ချစ်သူအကြောင်း မျက်ရည် ဝဲဝဲ နဲ့ ပြောတော့ ကျမ ငိုတယ်၊၊
ဆိတ်ဝယ်ချင်တယ်ဆိုပြီး နေ့တိုင်း ငိုတယ် ဒီကောင်ထမင်းမစားဘူး တအားငိုတယ် ဆိတ်ဝယ်မပေးဘူးနော် ညနေလှလှလေးတွေဆို နင့်နင့်သီးသီး စူးဝင်နေတဲ့ ခံစားချက်တွေ ငိုတယ်
ဒေါသတွေလည်း ထွက်တယ်။ Comment မှာ ပြောဆိုထားတာ ရစရာမရှိဘူး။ မေမေဆို မျက်ရည်ကျပြီးတောင် ငိုတယ်
ငိုဖူးတယ်...။ ငယ်စဉ်ကဆို လိုတာမရလို့ ငိုတယ်…။ ကြောက်ရွံ့မှုကြောင့် ငိုတယ်...။ အားငယ်မှုကြောင့် ငိုတယ်.
ကျနော် စာမေးပွဲအောင်တော့ အမေ ငိုတယ်။
ဂရိ ဒဏ္ဍာရီ မှာ ဇီယု(Zeus) ဟာ ၀မ်းနည်းတဲ့အခါ မိုးရွာတယ် (ငိုတယ်)၊
ငိုတယ် ဆိုတာ ပျော့ညံ့လွန်းတယ် ...
ဖေဖေ့မျက်လုံးထဲကလည်း မျက်ရည် တွေ ကျလာတယ်။ ဖေဖေက သမီးကို မွှေးမွှေးပေးတယ်။ ပြီးတော့ ဖေဖေ ငိုတယ်။
နှုတ်ခမ်းကွဲတယ်။ ငိုတယ်။ပြန်ထတယ်။ ၁ဝနှစ်မှ နှစ် ၂ဝ မကြာမကြာချော်လဲကျဖူးတယ်။ အသည်းကွဲတယ်
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုမိကြတာပဲ။ကျွန်တော် ငိုတယ်
တစ်နာရီ ကို မိုင်ငါးဆယ်နှုန်းနဲ့ ရှိသမျှ မိန်းမသားတွေ အဲ့ဒီမှာ မုဒိန်း ကျင့် ခံ ရ တယ် ။
ခံရခက်တဲ့အခါမျိုးမှာ ငိုတယ်၊၊ တခါတလေ တယောက်ထဲကြိတ်ငိုတတ်တယ်၊၊ ၀မ်းနည်းတဲ့အခါ ငိုတယ်
ကလေးလေးနေမကောင်းတဲ့အခါ ငိုတယ်
 မေမေဆုံးတုန်းကတခါ...ငိုတယ်.
မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။
တယောက်တည်း တသိမ့်သိမ့် ငိုတယ် .. အားရအောင် ငိုတယ် ..
လူတွေ ဟာ ငိုတယ်၊ ရယ်တယ်၊ သီချင်းဆိုတယ်၊ ညည်းတွား တယ်၊ ဂီတကို ဖော်ကျူးတယ်၊ ယုတ်မာတယ်၊
ရောဂါ ဖြစ်လို့  ငိုတယ်။ ရောဂါမဖြစ် စေချင်ဘူး။ သီလပျက်လို့  ငိုတဲ့ပုဂ္ဂိုလ်ဟာ မကြားဘူး .
နှင်းဆီ ပုလဲတို့ငိုတယ်။ သဇင် စပယ်တို့ ငိုတယ်။ မြတ်လေး သရဖီတို့ငိုတယ်။
လူရှိရင် ငိုတယ်။
ဆရာတို့ လိုက်တဲ့အမှု ထောင်ကျသွားရင် အမှုသည်မိသားစုက ငိုတယ်။ ဆရာတို့ကတော့ မငိုဘူး။
အဲဒီ အချိန်တုန်း က တော့ အစ်မ လေယာဉ်ပေါ်မှာလည်း ငိုတယ်၊ ဘန်ကောက် ရောက်တော့လည်း ငိုတယ်။
ကျနော့်ကို အမေမွေးတဲ့ ၁၉၆၂ ခုနှစ် ပါလာတဲ့ တယောက်ကဆိုရင် ကြေကွဲလွန်းလို့ ငိုတယ်။ မျက်ရည်ကျတယ်။   မွေးကတည်းက ကျနော် ငိုတယ် အဲဒါ အဖြေရှာတာပဲ ငိုစရာရှိရင် ငိုတယ်။
နာတယ်ဆိုပြီး ငိုတယ်။
အဲဒီမှာ နာတယ်ဆိုတာက သူ့ကိုအကြောင်းပြုပြီးတော့ စိတ်ကသိတာ။ စိတ်ကသိပြီးတော့ ငိုတယ်။
သူက ငိုတယ်၊ သူရဲကောင်းဆိုတဲ့ ကောင်ကလည်း ငိုတယ်. ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်. ကျွန်တော်ကလည်း ငိုတယ်.
နင်မငိုရဘူး၊ ပြီးတော့ နင်ဖူးကားတွေ ကြည့်ရမယ်၊
နို့ဆာရင် နိုးလာပြီး တအိအိနဲ့ နည်းနည်းငိုတယ်။
ကိုယ်တိုင်ကားပေါ်တက်ထိုင်ပြီး စက်နှိုးလိုက်ချိန်မှာ ဇနီးမယားပြေးထွက်လာပြီး ငိုတယ်
စာသင်ခန်းထဲက အရိုင်းစံပယ် ကကြီးရေကလို့ လိုက်ဆိုတဲ့အခါလည်း ငိုတယ် ကျွန်တော်ပြောတာ ဆရာမက နားမလည်ဘူး
ငိုတယ်၊ မျက်ရည်ကျတယ်ဆိုတာ လောကမှာ ဆန်းတော့မဆန်းပေမယ့် လန်းတဲ့အရာတော့လည်း မဟုတ်ပါဘူး။
မမ က ငိုတယ် ဘေးက ထိုင်းအသင်းက အောင်ပွဲခံတယ် ဘယ်လိုမှ ခံစားလိုမရလို့ပါ
ကျနော် အမေတွေဘာတွေ တပြီး ငိုတယ်။ မရဘူး ပြန်ချတယ်။ ဆံပင်ဆွဲတယ်။
ဒီနေ့ငါ နာရေးတခုသွားပို့တယ်။ ငိုတဲ့သူက ငိုတယ်၊ အိပ်ရာခင်း ၊ စောင် စတဲ့ အဝတ်ထဲမှာ ပါလာတဲ့ ပိုးကောင်မွှားကောင်တွေ၊ ခြင်တွေ ကိုက်လို့ ငိုတယ်၊
ရေချိုးပေးရင် အသံကုန် အော်ဟစ်ပြီး ငိုတယ်။ ..
ဟိုရောက်တော့ သူ့ပါသတ်မယ့်အထဲ ပါ တယ်ဆိုတာလည်း သိရော ငိုတယ်” အသေစောလို့ နှမြောလှချည်ရဲ့ ။ ကျမတစ်ယောက်ထဲ ထားခဲ့တော့မှာလား” ပါးစပ်ကလဲ လွမ်းစရာတွေပြောပြီး ငိုတယ်။
ထပြီး ငိုတယ်။
သက်သက်မဲ့ ကို ငိုတာ ။ ရင်ထဲမှာ ကျဉ်ခနဲ
ပေးလဲပေးပြီးရော ကျွန်တော် အပေါ်မှာ ၂နာရီလောက် ငိုတယ်။
အရာရာ ငါမိန်းမလိုပဲ နေတယ်။ ပြောတယ်။ ရယ်တယ်။ ငိုတယ်။ အားလုံးကို မိန်းမလိုပဲ ငါခံစားတယ်။ ငါဟာ မိန်းမပဲ။
ဘီလူးမ ကသားငယ်ကို နမ်းရှုပ်ပွေ့ ပိုက်ပြီး မိခင်ကိုပြန်ပေး ပြီး ငိုတယ်။
ငါ မြုံနေတာဆိုတဲ့ဆေးစစ်ချက် ကို မြင်တာနဲ့ ငါ ဗြန်းခနဲ ငိုတယ် ။ ဟိုက်ရှ် ။ ငို ဟဲ့ ငို ဟ ။ ငို ကို ငိုတာ ။။
ငါ့သမီးတွေ ၊ ငါ့သားတွေ ။ ဟင်? ၊၊ ငို ရ ပြီ

လူရိုင်းမတွေပြေးထွက်လာပြီး ရှင်ရေးနေတာ သေတမ်းစာ လို့ ပြောတော့ ငါ ငိုတယ် ။
အဲ့ဒီတုန်းက ဆို
တို့များ ဆယ်ထပ်တိုက်ပေါ်က ခုန်ချတယ် ၊၊ ပြုတ်ကျတဲ့ တစ်လျှောက်လုံး ငို တယ် ။

ဒီလိုပါ ။ ငိုတယ် ဆိုတာ ဟာ . . . . . . . . . . . . . . . ။ ။ ။ ။ ။ ။ ။


ဇာတိ (aNTIMa)
16.4.2014
Source : google