.

.
.

Tuesday, April 1, 2014

သွေးခြောက်ခြား လေခြောက်ခြား [another version]



    
ဘယ်လမ်းက သွားသွား ဟင့်အင်း ကိုပဲ ရောက်မယ့်
မြေပုံလမ်းညွှန်တွေ လေထဲ လွင့်နေတယ်၊၊
လေထဲ လွင့်နေတဲ့
အနီရောင်တွေ နဲ့
ထဘီ ပါးပါးတစ်ထည်ဟာ (စိတ်) ချောက်ချား (သွေးလေ) ဖို့
ချောင်ပိတ်ခိုင်းစေနေတယ် ၊၊ သွေးတွေ လေထဲလွင့်နေတယ် ၊၊
အဲ့ဒီနောက်ပိုင်း ငါ သွေးတွေကို ကြောက်နေတယ် ၊၊
သူတို့ ငါ့ကို ခိုင်းစေဖို့ လည်ပတ်နေတာ ၊၊
သွေး တွေ ၊၊
သူတို့မြင်တာနဲ့ ငါဟာ မူးမေ့ရတာနဲ့ ၊၊
ရူဆေးဘူးလေး ပြေးယူ ရတာနဲ့ ၊၊
ကဲကိုကဲတယ် ၊၊
လို့ ခင်ဗျားတို့ ပြောမယ် သွေးတွေ ၊၊
နံရံတွေ မှာ အပေါက်တွေမှာ အလင်းရောင်တွေမှာ စီးကျလာနေတာ သွေးတွေ ၊၊
မိန်းမတစ်ယောက်ရဲ့ ပုခုံးကို ဖက်မိခဲ့တုန်းက ငါခံစားခဲ့ရတာ သွေးတွေ ၊၊
သွေးတွေ မရှိတော့ရင်
ငါ့ကြောက်လန့်နေမှု ကို ဘာနဲ့ အာသာဖြေမလဲ ၊၊
အာသာ ဆိုတာ ခံစားမှုကို ကျော်ဖြတ်တာ ၊၊
မရှိတော့အောင် စွမ်းဆောင်တာ ၊၊
ဟုတ်ချင်တယ် ဟုတ်မယ် ၊၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ခင်ဗျားတို့ ၊၊
ဘာသာ ၊၊
တွေးလေ ၊၊
အပေါက်ပေါက်နေတဲ့ နံရံတွေကို လိုက်ရှာကြည့် ၊၊ ချောင်းကြည့်ကြည့် ၊၊ အပြင်မှာ မိုးတွေရွာနေတယ် ၊၊
သွေးတွေ ၊၊
အဲဒါ ငါပေါ့ ၊၊
ကမ္ဘာအပြင်ဘက်က သွေးတွေ ၊၊
သူတစ်ပါး ဂြိုလ်က ချမ်းသာတဲ့ ဂြိုလ်သားတွေ ကမ္ဘာကို လာလာကြည့်နေတဲ့ ကိစ္စဟာ
မထူးဆန်းတော့ဘူး ၊၊
တယ်လီဖုန်းထဲက စကားသံတွေဟာ ထူးဆန်းတယ် ၊၊
သွေးတွေ ၊၊
ငါ့ကို ဆွေးမြည့်လေးလံစေတာ ၊၊ ထူးဆန်းတယ် ၊၊
နေမျိုးဝတ္ထုထဲက မိန်းမ ငါ့ကို ဖုန်းဆက်နေတာ ၊၊
တကယ်တော့ အဲ့ဒါဟာ သွေးတွေ ၊၊
ငါ့ယုံကြည်မှုတော်တော်များများဟာ
ရုပ်ရှင်ရိုက်ခံထိပြီး
ထူးချွန်ဆုတွေ ရပြီး
ခိုးကူးစာမိပြီး
စီဒီမျက်နှာပြင်ပေါ်မှာ တီဗွီပေါ်မှာ လိမ်ညာပြီး လျှံကျ ၊၊
သွေးတွေ ၊၊
ဒစ်ဂျစ်တယ် သွေးတွေ ၊၊
ငါ မက်မောတဲ့ ချောကလက်တွေ အပေါ်က သွေးတွေ ၊၊
သွေးတွေ ဆိုတာ ဘာလဲ လို့ ငါ့ကို လာမမေးနဲ့
သူများတွေလည်း ပြောကုန်ကြပြီ အဲဒါ သွေးတွေ ၊၊
နင်လည်း နင့်ဟာနင် တွေးလေ ၊၊
သွေးလေ ခြောက်ခြားပြီး အဲဒါ သွေးတွေ လို့တော့
ဘယ်ကောင် ဘယ်မျှ မှ အော်မနေဘူး အဲဒါ သွေးတွေ ၊၊
ကလေးရေ ၊၊
မနေ့က သွေးတွေကို download လုပ်မိလိုက်တယ် ၊၊
လာမပြောနဲ့ အဲဒါ သူ့ သွေးတွေ မဟုတ်ဘူး ၊၊
ငါတို့ သွေးပြန်ကြောက အပေါစားရပ်ကွက်သွေးတွေ ၊၊
အမှန်တော့ သွေးတွေ ဆိုတာ ဆန်းတဲ့ ကိစ္စ တစ်ခုမှ မဟုတ်တာ ၊၊
သွေးတွေ ကုန်သွားတော့
ငါ ဟာ သွေးမရှိတဲ့ ကောင် ၊၊
ငါတို့ရဲ့ အကောင်းစား ကဗျာတွေကို လက်ခံ နိုင်မဲ့
သွေးတွေ ခင်ဗျားဆီကနေ ဖောက်ထုတ်ပစ်လိုက်တော့ ၊၊
ကဗျာတစ်ပုဒ်ကို ခံစားချက်မရှိဘဲ ရေးနေနိုင်မဲ့ သွေးတွေ
ခင်ဗျား ဖောက်ထုတ် ပစ်လိုက်တော့ ၊၊
အဲဒါဟာ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ကဗျာဆရာတွေ ရဲ့
ဓမ္မတာ သွေးတွေ ၊၊
သွေးတွေ ဆိုတာ မရှိတော့တဲ့ နောက်ပိုင်းမှာ
ငါ ဟာ ဆေးလိပ်ကို ချောင်းဆိုးသွေးပါ အောင်
သောက်ဦးမယ်
ပြီးရင် လယ်ကွင်းတွေကိုထွက်
စပါးတွေကို သွေးသွင်းပြီး စိုက်ပျိုး
အဲဒီလို စရိုက်မျိုး ကို မွေးလာအောင်
အမွေပေး ခဲ့တာ လည်း အဲဒီ သွေးတွေ
အာပလာ သွေးတွေ၊ ဈေးကြီးတဲ့ သွေးတွေ၊ ဓနရှင်ပေါက်စသွေးတွေ၊ ကွန်မြူနစ်သွေးတွေ၊
ငါလိုးမ သွေးတွေ
လက်ဖ၀ါးထဲမှာ စီဆင်းနေတာ
ချောင်းလို မြောင်းလို စီဆင်းအိုင်ထွန်းနေတာ
ဂျပန်ပြည်ရဲ့ နာမည်အကြီးဆုံး ဟမ်းဖုန်းမှာ အသုံးအဆောင်ပစ္စည်းဖြစ်နေတဲ့
အဲဒီ သွေးတွေ
လယ်ကွင်းတွေပေါ်မှာ နွားလှည်းကိုစီး
တော်ဝင်နွယ်သွေးလို့အမည်ရတဲ့ ဂျာဗားဂိမ်းတစ်ခုကို ထိုင်ဆော့နေတော့တာ
သွေးဆိုတာ လူတွေကို အစုလိုက်အပုံလိုက်သတ်မှမဟုတ်ဘူး
ဒီအတိုင်းလည်း ကိုယ်တွေထဲမှာ
အားအားယားယားစီဆင်းနေတာပဲ အဲဒီအသံတွေကိုသွင်းထားပြီး
နာမည်ကြီး death-metal သီချင်းတွေထဲက ပေါတောတော သွေးတွေ
သူ လာရပ်ကြည့်တော့ အနီရောင်ထဘီမှာ
ငါ့သွေးတွေ
 (ပြီးတော့ ငါတို့ မှိန်လျော့နေတဲ့ မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ လှဲအိပ်ခဲ့ကြ၊
ပြီးတော့ မင်းရဲ့ အောက်နှုတ်ခမ်းကို အရောင်လဲ့နေတဲ့ မီးအရည် တစ်ခု လိုတွေ့ခဲ့ရ
ငါမင်းကိုကြည့်လိုက်တယ်၊ ပြီးတော့ ငါစပြောတယ် “ မင်းဟာ ဘုရားသခင်ပဲ၊ ပြီးတော့
ငါလည်း ဘုရားသခင်ပဲ ၊ ငါတို့ တိမ်မဲမဲတွေပေါ်က ငါတို့ အိပ်ရာပေါ်မှာ လှဲအိပ်နေကြ  . . .  . သွေးတွေ၊ အဲဒါ ဦးခေါင်းရဲ့ ပန်းရောင် စုတ်ချက် အတို ဆွဲသားချက်တွေ ” ) Love in Blood  Time by Sharon Olds
ထားလိုက်တော့  အဲဒါ သွေးတွေ
သွေးတွေ
သွေးတွေ
သွေးတွေ
သွေးတွေ
မဟုတ်ဘူးလို့ ခင်ဗျားတို့ပဲ ထားချင်ရာမှာ ထားလိုက်တော့


ဇာတိ၊ လင်းနီညို
2010



No comments: