Note --- ဒီကဗျာမှာ
လုံမငယ် ၏ နာမ်စားအဖြစ် သူမ အစား သူ ဟုသာသုံးသွားမှာဖြစ်ပါတယ်
သူ့ ကို ဇွန်းဒါ့ထ် ရွာလေးမှာ
မွေးဖွားခဲ့တယ် လို့  ပြောကြတာပဲ ။ ငယ်ငယ်က ဘာဇာတိမှ မပြဘူး ။ တခါကတော့
ဆင်ရုပ်လေးတစ်ရုပ် ရွှံ့နဲ့ လုပ်ဖူးတယ်
။ ဒါပေမယ့် သူသုံးတဲ့ရွှံ့ကအဖြူရောင်ဖြစ်နေတော့ ချက်ချင်းပဲ
ဖျက်ဆီးပစ်လိုက်တာ။ ဖခင်ကတော့
ပန်းချီကားအရောင်းအဝယ်သမားကောင်းတစ်ယောက်ဖြစ်စေချင်ခဲ့။
သူကတော့ အင်နိုဗေးတစ် အရေးအသားလည်းမသိ
၊ မြီးကောင်ပေါက်တဲ့အထိ အင်္ဂါဇာတ်ကို ရေချိုးတိုင်း
ပွတ်တိုက်ဆေးကြောသန့် စင်ရကောင်းမှန်းလည်းမသိ
၊ စိတ်ကောင်းဝင်ရင်တော့ ရင်လျားထမီလေးကိုနည်းနည်း
ဟ ပြီး ရေနှစ်ခွက်လောက်
လောင်းချတတ်တယ် ။ ဟိုးတလော ရုတ်ရုတ် ရုတ်ရုတ် တွေဖြစ်တုန်းက
ပါလေရာ ငပိမချက်ဘဲ ပန်းချီကားတွေပဲ
ထိုင်ဆွဲနေတယ်ဆိုပဲ ၊ သူ့ အတွက်ပေးထားတဲ့ အဖီလေးမှာ
ပန်းချီကားထဲမှာ သူက လမ်းကို အစိမ်းရောင်ခြယ်ပြီး
ကောင်းကင်ကျတော့ အနီရောင်သုံးထားတယ် ၊ ဘာလို့ လဲ
မေးတော့ စိတ်မရှည်သလိုနဲ့  အနီဆိုတော့
ကျက်တဲ့ကဗျာ အစိမ်းဆိုတော့ စိမ်းတဲ့ကဗျာပေါ့အေ လို့  ပြောတာ
ထပ်ပြီးများ တစ်ယောက်ယောက်က
မေးလိုက်ရင် အဝေးကိုငေးပြီး လန်ဒန်မြေပဲယိုပေါ့ဟယ် လို့ 
မတ္တာဖာလိုလို ကောက်ပြောတတ်တယ် ။
မြို့သူတွေလို အတင်းပြောတိုင်း ဟိုတစ်ယောက်ကပေါ့ လို့ 
မပြောတတ်ဘူး ။ ပြောစရာရှိရင်
ဟိုကောင်မက ဘယ်လို ဒီကောင်မက ဘယ်ညာ ဘယ်ပုံ ဘယ်ချမ်းသာ ။
ကောက်စိုက်ရာသီရောက်ရင်လည်း တခြား
အင်ပရက်ရှင်းနစ် တွေလို မစိုက်
သူ့ ဟန်နဲ့ သူ စိုက်တတ်တယ် ။
ပုံမှန်ကတော့ ခပ်အေးအေးပဲ ။ သင်္ကြန်ရောက်လို့ သူ့ ရှေ့ မှာ
ကာလသားတွေ ငရုပ်သီးစိမ်းမိထားတဲ့ မုန်
့လုံးရေပေါ်တွေ ကိုက်ခွဲပြရင်လည်းပြုံးပြုံး ၊၊
သူက တာဝန်သိ စည်းကမ်းပြည့်ဝသော
ပြည်သူတစ်ယောက်လည်း ဖြစ်တတ်သေးတယ် ။
ပေါင်မုန့် မရှိ ကိတ်မုန့် စားဆိုလည်း
စားလိုက်တာပဲ ။
မီးမလာ ဖယောင်းတိုင်ထွန်းဆိုလည်း
ထွန်းလိုက်တာပဲ။
စာကတော့ တအားဖတ်။ ဖတ်ပြီးသမျှကိုလည်း
သူ့ ရှေ့ က မီးလင်းဖိုထဲ ပစ်ပစ်ထည့်တတ်တယ် ။
ပြီးရင် စာတွေဖတ်လည်း
ပွဲခင်းမှာ ဖျာမခင်းတတ်ရင်ပွဲငတ်တာပါပဲ လို့  ပြောတယ် ။ သူ
့ရည်မှန်းချက်ကတော့
တစ်ရွာလုံးက မီးခိုးခေါင်းတိုင်တွေကို
တစ်ရက်လောက်ဖြစ်ဖြစ် လိုက်ပိတ်ထားချင်တာပါ
တဲ့ ။ သူမသေခင် နှစ်လလောက်ကဆို
လယ်ကွင်းထဲသွားပြီး သူ့ ကိုယ်သူ သေနတ်နဲ့ ပစ်သတ်သေးတယ် ။
ကျီးကန်းတွေထပျံကြတာများ သူ
့ပန်းချီကားထဲကအတိုင်းပဲလို့  နောက်လူတွေက ပြောပြောယူနေရဆဲ ။
အဲဒီတုန်းကတော့ ကံကောင်းလို့ မသေတယ် ။
နေမြဲ
( ၁၈၊၇၊၂၀၁၂ )
No comments:
Post a Comment