.

.
.

Monday, April 14, 2014

မကောင်းဆိုးရွားမွေးမြူရေး၊ အတွင်းပိုင်းက ပက်ကြားအက်နေတဲ့ အရေးပါမှု



ဒါကိုဖော်ထုတ်ရကောင်းရနိုင်ကြောင်းသိရှိချိန်မှစလို့
ရင်ဆိုင်ခဲ့တဲ့ အန္တရာယ်တွေ  မကောင်းဆိုးဝါးတွေက မကောင်းဆိုးရွားစွာ
အသက်ရှင်နေထိုင်ကျတယ်ပေါ့
အရာပေးထားပီးသား အရေးပါမှုတွေ အိုဘားမား၊ သန်းရွှေ၊
လူသတ်ဇာတ်ကောင်တွေ၊ မူးယစ်ဆေးသမားတွေ၊ မုဒိန်းသမားတွေ၊
အစီစဉ်တစ်ကျအရာပေးခံထားရတဲ့ အရေးပါမှု၊
ဆိုးရွားစွာသတ်မှတ်ခံခဲ့ရတဲ့ ဆိုးရွားမှု
မာရီလင်နဲ့ မွန်ရိုးက ဘာတော်တာလဲမေမေဆိုတဲ့ ငယ်ငယ့်အသံ
အလိုမတူပဲ သူအဆက်ဆံခံခဲ့ရပါတယ်မပြောခင်အထိ
ပြုံးပီးခံစားလို့ရနေတုန်း၊ (အ) ခုတင် (အ) ပေါ်က အကွက်လိုက်ပေနေတာ တွေ ငိုသံတွေ
အာာာာာာားးးးးးး . . . . လို့အော်နေတဲ့အသံတွေ
တဆိတ်လောက်ပါ မောင်ရင် ……
ဒါဟာ Porn ဗီဒီယိုတစ်ကားမဟုတ်ခဲ့ဘူး
Reiko Kobayakawa ရဲ့အရေးပါမှုတွေကို ဆင်ဆာဖြတ်ခဲ့တဲ့
သူတို့ကို အရမ်းမုန်းတယ် ဆိုတာမျိုးလောက်ကတော့
ခပ်ပြောင်ပြောင်ပြောရဲပါတယ်ဆိုရင်လဲ “ပေါရဲတယ် လို့ထောက်ပေးသလိုမျိုး
မရယ်ရတာတွေ ပျက်လုံးလို့ လုပ်ခေါ်ခံနေရ
အောကားမြင်ရင်ရှက်ရမယ်ဆိုတာ ကို
တန်ဖိုးတက်သွားတဲ့အရှက်တရားကြီးက သဘောကြတယ်
အရှက်တန်ဖိုးက အရှက်လိုလားချက် Demand အပေါ်မူတည်ပီး
တက်လာခဲ့တယ်၊ အရှက်ကြီးလှတဲ့ နှမငယ်။
အရည်ဝင်မှပေါ်ခေါ်တဲ့ကျွဲခိုးတွေဆိုလား၊
အရေဝင်မှထွက်လာတဲ့ဘာဆိုလား၊ ပုံ(တော်) အထူကြီးနဲ့ တက်လာတဲ့
ပါးပါးလှပ်လှပ် နှမငယ်
ကမ္ဘာဟာ တာဝန်အရလည်ပါတယ်တို့၊
အကာအကွယ်ပစ္စည်းတွေကို စနစ်တကျအသုံးပြုပါတို့ သဘာပတိကြီးမှာ ပြောကြားသွား
ဘောပဲ ဘောပဲ ဘောပဲ လို့ တခဲနက်အားပေး
“ရိုင်းထှာ မင်းမေမင်း -ိုး လိုက်ပါလား ဒါမြန်မာပြည်ကွ”  ဆိုတာမျိုး
ယဉ်ကျေးအောင် ဆုံးမ ကွန်မန့်တွေပေးကြ
တို့အခုဘာလုပ်နေတာလဲဆိုတဲ့အမေးကို လိင်ဆက်ဆံနေတာပါလို့
သုံးနှုန်းပြောဆိုဖြေကြာပီးနောက် အထွက် ခရီးစဉ် နှောင့်နှေး သွားတဲ့ သုတ်ပိုးလေးတွေအတွက်
ဘာသာစကားက တာဝန်ယူရန် ပျက်ကွက်၊
မကောင်းဆိုးရွားတွေကမကောင်းဆိုးဝါးတွေလို့  ငယ်ငယ်ထဲကအခြောက်ခံခဲ့ရတဲ့ငါတို့
အခြောက်နဲ့ခံခဲ့ရဲ့သလိုလို  အခြာက်တိုက်ခံခဲ့ရသလိုလို ခံစားမှုမျိုးကို တက်ဖိထား
သွားတွေပေါ်အောင်ပြုံးပြ လန့်ဖြန့်ဖျားနာ
မကောင်းဆိုးရွားတွေက အန္တရာယ်သိပ်ကြီးတယ်လို့ပြောခဲ့တာကလွဲလို့
တင်ပြခဲ့ပုံအစုံအလင်မှားယွင်းခဲ့တယ်
မျက်နှာဖုံးတွေထပ်မံတပ်ဆင်ရောင်းချ စနစ်တကျချောမောပြေပြစ်စေခဲ့သော
လူ့အဖွဲ့အစည်း ရဲ့ သုတ်ပိုးတွေ အဖိုလိင်အင်္ဂါမှ မှမကြာမကြာထွက်ခွာနေကြောင်း သတင်းများရရှိ ဖြတ်တောက် ပိတ်သိမ်းခံထိလောက်အောင်အရေးပါခဲ့တဲ့ အရာပေးပီးသား အရေးပါမှု . . . .

Z Kg
 

No comments: