.

.
.

Sunday, April 13, 2014

သက် ရှိ ဒ ရမ် မာ

ငါ့အနားမှာ အပြာရောင်တွေချည်း
နှလုံးစည်းချက်ပြောင်းပြောင်းသွားတိုင်း
တိမ်တွေက အသာတကြည် အပြာကို
အသက်ဝင်အောင် လမ်းပြပေးနေတာ၊
ငါ့စခမ်းဆီပြန်ရောက်အောင်
တိမ်တွေကိုယ်တိုင် ငါ့ဘ၀ထဲက
ဆယ်မကယ်ထုတ်သွားရမှာ၊
နေ့လည်ခင်းတွေဆီက အပြာပြောက်ကျား
တိမ်တွေစိုထိုင်းစပြုလာတဲ့အချိန်မှာ
အခန်းထဲကပြေးထွက်သွားခဲ့၊
ကောင်းကင်တလျှောက် အပြာတွေနဲ့
မွှန်းထုံသွားတဲ့အထိ စိတ်ဒုန်းဒုန်းချ
သစ္စာရှိချိန်မှာ အပြာကြည်ကြည်ကနေ
အပြာလဲ့လဲ့ တိုရေရှားရေ ဘ၀ရဲ့
ရုန်းထိုးဆန့်ကျင်မှု ပြီးတော့ပြန်လင်းလာ
တယ် အပြာတစ်ချက်နဲ့ လိမ္မော်တစ်ချက်နဲ့
ငါ့ကိုယ်ဘေး ရှပ်တိုက်သွားခဲ့သလား၊
သေချာအောင် ပြန်ကြည့်ခိုက်မှာ
သန့်ရှင်းတဲ့စူးစိုက်မှု အပြာထဲက
ဆွဲနှုတ်ယူသွားတဲ့ အသက်သခင်ရဲ့
ညအရောင်များ၊
ငါ့လက်နဲ့ အတောက်ပဆုံးဖြစ်အောင်
လုပ်မယ့် ငါ့ညနေခင်းများ
မမြင်နိုင်ခဲ့ပါ။

ပန်းချီ

နောက်ဆက်တွဲ(၁) ငယ်ငယ်က အိမ်ရှေ့လမ်းပေါ်ဖြတ်သွားတဲ့
        ခရစ်ယန်အသုဘတစ်ခုဆီက ကြားလိုက်ရတဲ့
"သန့်ရှင်းသူ စူးစိုက်၏"ဆိုတဲ့ဟာကို အမှတ်တရထည့်သွင်းထားတယ်။

           (၂) နှလုံးစည်းချက်၊ အခန်းထဲပြေးထွက်သွားခဲ့(တကယ်တော့
                အပြင်မှာအဲ့လိုမလုပ်ပါ)၊ အသက်သခင် စတဲ့စာလုံးတွေကို
တမင်သက်သက်အသုံးပြုထားပါတယ်။

No comments: