.

.
.

Wednesday, April 2, 2014

ဟောဒီ မြို့ ကြီးရဲ့သော့ကို ငါကိုင်ထားတာ


မဟုတ်ပါဘူး ။ မြို့ သစ်ချင်ရင် မြို့ အမြင်သစ်ရမယ်
မြို့ နဲ့  မြို့ ပြင် နယ်ကြားမျဉ်းဟာ တဖြည်းဖြည်း
ကျဉ်းလာမလား ။ မြို့ ပတ်လိုင်း တစ်လိုင်းက
တစ်လိုင်း ရဲ့  မြို့ ပတ်လမ်း တစ်လမ်းက တစ်လမ်း
ရဲ့  အဟ ဟာ ခင်ဗျားသိမှု ပေါ် လိုက် ခုန် သွားတယ်။
ငါတို့ မြို့ ပတ်စန္ဒယား ခလုတ်လမ်းတွေပေါ်
လျှောက်ကြ ။ ဟောဒီမြို့ ကြီးမှာ
သူ့ ကိုယ်သူ သတ်သေကြတာကို ငါတို့ က
ပိုက်ဆံပေးပြီး ထိုင်ကြည့်နေရတယ်
မြို့ ကြီးရဲ့ အနောက်တိုင်းစတိုင်ပို့ ချထားတဲ့ စအိုဝဟာ
အရှေ့ တိုင်းစတိုင်အိမ်သာမှာ ချီးမထွက်တော့ ။
ဒီမြို့ ကြီးကို ဂြိုဟ်အသစ်ပေါ် ပစ်တင်ပေးလိုက်တဲ့အခါ
အသုံးချတန်ဖိုးမှ မရှိတော့တာ ။
သဏ္ဍာန်လုပ် သရုပ်တူ ရမယ် ဟာ
သန္ဓေသားပေါက်ကွဲမှုကြီး အပြီးမှာ
ဂျပန်လုပ်သမျှ တရုတ် က လိုက်တူနေတယ်။
နောက်ပြီး
ဂီလိုကင်း အဟောင်းကြီးမှာ ခေါင်းအသစ်တွေ
တစ်ခေါင်းပြီး တစ်ခေါင်းပြီး တစ်ခေါင်းပြီး တစ်ခေါင်း
မြေကြီးထဲက အုတ်ခဲတွေကလည်း သမိုင်းနဲ့ ချီ
ပြီး ချစရာမလိုပဲ အမြစ်စွဲကုန်တယ် ။ မြို့ သားတချို့ က
ရူဘီဆေးလိပ်ဗူးထဲကနေ ခေါင်းပြူထွက်လို့ 
အထူး = အထူး 
ဟိုနေရာကြည့်အထူး = ဒီနေရာကြည့်အထူး
(ဟို)(နေ)(ရာ)(ကြည့်)(အ)(ထူး) = (ဒီ)(နေ)(ရာ)(ကြည့်)(အ)(ထူး)
(ဟို)(နေ)(ရာ)(ကြည့်)(အ)(ထူး) = (ဒီ)(နေ)(ရာ)(ကြည့်)(အ)(ထူး)
ဟို အ = ဒီ အ
မြို့ ကြီးရဲ့ နေရာတကာကြည့်အထူးမှာ
မြို့ သားတွေ ဟိုအ ဒီအ ။ မြို့ ကြီးဆီ ဟိုလူလာ ဒီလူလာ
မြို့ ကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ ရာ ခက်ခဲ
မြို့ ကြီးဆိုတာ ပြုလုပ်ခြင်း
မြို့ ကြီးဟာ ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်
လက်လွှတ်လိုက်ရရုံသာ ။      ။ 
 နေမြဲ ( ၈၊၁၂၊၂၀၁၂ )

No comments: