.

.
.

Thursday, April 10, 2014

မနက်တိုင်း ကားကြပ်တန်းမှာ ဝင်တန်းစီ



မနက်တိုင်း ကားကြပ်တန်းမှာ ဝင်တန်းစီ



မယ်ကြေးကြီးတွေလာလေ့ရှိတဲ့

ရေကူးကန်မှာ

ရေစိမ်နေတဲ့ အပျိုမလေးရဲ့  ပစ္စည်းထဲက

လေပူတွေ ပလုံစီတက်လာတယ်

ပလုံစီတွေကို မာဂူရိုးငါးက

ပြေးဟပ်တယ်

နိုင်ငံတော်ဟာ အပျိုမလေးပူစီထဲခိုနေတဲ့

လေပူဖြစ်တယ်

သက်တမ်းရင့် အမှိုက်ပုံဟာ ဆံပင်ကို ပန်းရောင်ပြောင်းဆိုး

ပြီး မာဆက်ထဲကထွက်လာတာကို  မြင်လိုက်တယ်

ငါသိပ်ကြိုက်တဲ့ စစ်ချီတေးကို ကေတီဗီမှာ မူးပြီးဆိုနေတာ

ကြားရတယ်

ခေါင်းပေါင်းဟာ ညာချတယ် ဟာ

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ

ဟာသဖြစ်တယ်

ဆတ်သေချောင်းကမ်းပါးဆဲသံဟာ

ကဗျာလို

ဘိလပ်မြေအိတ်ပေါ်က

ဆင်ဟာအဖြူရောင်ဆန်တယ်

အလွယ်ရေးတဲ့ကဗျာကို

အလွယ်ဖတ်တယ်

ခက်ခက်ခဲခဲရေးတဲ့ကဗျာကတော့

ဘောကချွေးကိုတိတ်စေခဲ့တယ်

အာသီးယောင်နေတယ် တံတွေးတခါမျိုချတိုင်း

ခြေဖျားတခါထောက်ပေးရတယ်

ကမ္ဘာကြီးရဲ့ စိမ်းလန်းမှုဟာ ဘလွန်းမဖင်မှာ

အပွင့်ဖော်ထားတဲ့ ညောင်ရွက် ငါတို့ သစ်ပင်တွေ

နဲ့  သူတို့ အေးမြကုန်ကြတယ် သူတို့ 

ပူလောင်နေစေဖို့  ငါတို့ ဆန္ဒပြုတယ်

ငါတို့ ဆိုတာ ငါပြောချင်တာတွေပြောဖို့ 

ချီးကြိုက်တဲ့ငါတောင် အရောင်စွဲကြောင့်

မြင်းချီးမစားရာက အခုအနံ့ 

နည်းနည်းခံနိုင်လာတယ်

ဘုရားရှိရာတောင်ပေါ် အပျော်တက်

အပျော်ဘုရားစာတွေရွတ်

တကယ်တော့ ပင်ပန်းခဲ့ကြတယ်

ဒီကိစ္စကို ငါကလွဲရင်

အားလုံးသိနှင့်တယ်ဆိုတာ ကို

အစောကတည်းက ငါသိခဲ့တယ်

ငါအမြင့်ကြောက်ရောဂါရှိနေတယ်ဆိုတာကို

လည်း

ရိုလာကိုစတာပေါ်ရောက်မှ သိခဲ့ရတယ်။    


နေမြဲ ( ၇၊၄၊၂၀၁၄ )




No comments: