.

.
.

Thursday, April 17, 2014

မာလ်ကာသီး ပိုးထိုးရခြင်း အကြောင်းအရင်း

မာလ်ကာသီး ပိုးထိုးရခြင်း အကြောင်းအရင်း




ကိုယ် ခရစ်နှစ် နှစ်ထောင့်တစ်ဆယ့်နှစ်

ဆယ့်နှစ်လပိုင်းမကုန်ခင် စိုက်ပျိုးရေးဆိုင်ရာ ဟောပြောပွဲတစ်ခုမှာ

 ပြောခဲ့တဲ့ ဟောခဲ့တဲ့ ဒိုင်တွေ။ စိုက်ပျိုးရေးဆိုင်ရာဆိုပေမယ့်

ကျွဲတွေ နွားတွေ ဖင်ကုန်းပြီး ပျိုးပင်စိုက်နေတဲ့ ကောက်စိုက်သမ

ခြေသလုံးပေါ်က မျှော့တွေ ၊ ပြီးခဲ့တဲ့ တစ်ခေါက် ဒါမှမဟုတ်

 နှစ်ခေါက်လောက်တုန်း ရာသီလာစဉ် ပေခဲ့တဲ့ ထမီပေါ်က

 အကွက်တွေ၊

ပေမှန်း သိပေတဲ့ ဗန်းစကားနဲ့  ဝဲလိုက်လို့ ရှိရင်လည်း

ဖျာပတ်ထားရတော့မယ့်အကြောင်းတွေရယ်လို့ တော့ မပါလှပေဘူး။ အဓိက

ကတော့

ဘယ်အပင်ကို ဘယ်လိုစိုက်ရင် စောက်ရေးမပါလောက်အောင် အရည်ရွှမ်းမယ်။

ဘယ်မြေ သြဇာကို ဘယ်လိုသုံးရင် အသီးဝိတ်နဲ့ အပင်ပိသေနိုင်လောက်တဲ့ထိ ကြီးမယ်။

 ကြွယ်ရတာပဲ။

မှတ်မိသလောက်တော့ သြဂဲနစ်။

နှောက်ချေးဟာ သြဂဲနစ်ပဲ၊

ဆယ့်ခွန်နှစ်ယောက်လောက် ကိုက်သတ်ထားပေမယ့် သတ်လို့ မရတဲ့ မြေပွေးဟာ သြဂဲနစ်ပဲ။

 သြဂဲနစ်မှာ လာပါထားတဲ့ ချီးကိုတောင် ကျုံးလို့ မရဘူး။

ကျွန်တော့်သြဇာ ဘယ်လောက်ထိ သက်ရောက်သွား သလဲဆိုရင် တခါသား

 ချာတိတ်တကောင် ပိုးထိတော့ ဆေးရုံတင်ရတယ်။ အမှန်က

 မတင်ခင် သူ့ အဖေက ဒါမျိုးအေးဆေး ပါကွာ ဆိုတဲ့ အထာနဲ့ 

သူသောက်လက်စ ဖက်ကြမ်းမီးနဲ့ စိမ်ပြေနပြေထိုးတာ။

ထိုးလေ အသားက ရှဲကနဲ မြည်လာလေ ထိုးလေ မြည်လာလေနဲ့ 

 နောက်ဆုံး ဆေးလိပ်မီး သေသွားတဲ့အထိပဲ။

ဒါတောင် မီးခြစ်လိုက်ရှာသေးတယ်။ နောက်ဆုံးရှာ

လို့ မရတော့မှ မီးခြစ်မတွေ့ လို့  ငါ့သားလေး အသက်ဆုံးရတော့မယ်

 မင်းတို့ ကြိုးစားချင်ကြိုးစားကယ်ကြည့်လေဆိုပြီး ဆေးရုံရောက်လာတာ။

 လာတာကလည်း တအီအီမြည်နေတဲ့ဘီးတပ်ထားတဲ့လှည်းနဲ့ ။ မြို့ က

မော်တော်ကားတွေ အထူး သဖြင့် အင်ဂျင်ပါဝါ သုံးထောင်အောက် ကောင်တွေမှာဆို

ကီလိုတသိန်းမပြည့်သေးရင် 5W-30 ဆိုတဲ့အင်ဂျင်ဝိုင်သုံးရ တယ်။

ကီလိုတသိန်းကျော်ရင်တော့ 10W-30 ဆိုတဲ့ အင်ဂျင်ဝိုင်သုံးရတယ်။အမှန်ကတော့

 ဘာမှမဆိုင်ပါဘူး။ အင်ဂျင်ဝိုင် လာဝယ်တဲ့သူလာတိုင်း

 ငါတို့ နိုင်ငံဟာ အပူဆုံးပါကွာဆိုပြီး ဆီဟာ အေးရင်ခဲတယ်

ပူရင်ကျဲတယ် ဘာညာလျှောက်ပွား ပြီး ရောင်းတာပဲ။

လဲပြီးလို့ ကီလိုငါးထောင်ပြည့်ရင် နောက်တခါ ထပ်လဲ။

အင်ဂျင်ဝိုင်အဟောင်းတွေကို ကားပိုင်ရှင်အိမ်က မီးစက်မှာ ပြန်သုံး။

အဲဒီကနေ သုံးလို့ ဝမှ ရွာကိုရောက်လာတဲ့ ထန်းလျက်ရည်အရောင်

 အင်ဂျင်ဝိုင်တွေ

သူတို့ ဆီရောက် မလာတာကြာတော့ ခုနကလှည်းက အသံမြည်အီပြီ။

ဒါနဲ့ ချာတိတ်ကိုဘာမြွေကိုက်တာလဲ ကိုက်တဲ့မြွေရောမေးတော့ ဘိုးတော်က

စောက်ရေးမပါတို့ ကျေးရွာ ပေါ်တာငါးကျပ် ကင်းငါးကျပ့်


မြွေဖမ်းလိုက်ရင် ကျုပ်တို့ ဂေဟစနစ် ကြီးထိခိုက်ကုန်မပေါ့။ ထိခိုက်ရင်သြဂဲဘယ်နစ်တော့မလဲ။

မြွေလေးကိုက်မိတာလောက်နဲ့ တော့

ကျုပ်တို့ ဂေဟစနစ်ကြီး အပျက်မခံနိုင်ဘူး။ ခင်ဗျားဒီတိုင်းကုမလား။

အချိန်ငါးမိနစ်ပေးမယ်။ မဟုတ်ရင်တော့ ကျုပ်သားပြန်ခေါ်သွားတော့မယ်ဆိုပဲ။

 ချာတိတ်မသေပါဘူး။ ထရပ်ကား ပေါက်စနလေးပေါ်မှာ ကျွဲရိုင်းသောက်

 ဆေးလိပ်ဖွာ ၊ ပြီးတော့ ဆေးလိပ်တိုကို ကုန်နေ တဲ့ ကျွဲရိုင်းဗူးခွံထဲ

ထည့်ပြီး လမ်းဘေးကို လှမ်းပေါက်လိုက်တယ်။

ဗူးအခွံလေးဟာ ဆေးလိပ်မီးဒဏ်နဲ့  ပူရှာနေရောု့မယ် ဘယ်သူများဆေးလိပ်မီး ဘက်က တွေးပူပေးမလဲဆိုပြီး

တွေးနိုင်တဲ့အထိပဲ။



နေမြဲ ( သုံးလပိုင်း၊၂၀၁၄ )

No comments: