.

.
.

Tuesday, April 1, 2014

ကဗျာရဲ့အဓိပ္ပာယ်



ကဗျာရဲ့အဓိပ္ပာယ်ဟာ နေကောင်းလား ပုံစံဆန်းသစ်ရဲ့လား
ကဗျာရဲ့အဓိပ္ပာယ်ဟာ လိင်ကိစ္စနဲ့ မလွတ်ကင်းနိုင်
ကဗျာရဲ့အဓိပ္ပာယ်ဟာ သွေးဆောင်ဖျားယောင်းတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ထဲထဲဝင်ဝင်ဝင်ရောက်မှထည့်သွင်း
ကဗျာရဲ့အဓိပ္ပာယ်ဟာ တချို့ကို ပြုပြင်ဆေးဆိုးပန်းရိုက်ပြီး၊ တချို့ကိုတော့ မာစကာရာသုံး ဆီလီကွန်သုံးပြီး တင်ပို့လိုက်တယ် တချို့က  ကုန်ကြမ်းအဆင့်
ကဗျာရဲ့အဓိပ္ပာယ်ဟာ အထူးဘတ်စ်ကားတွေပေါ်လည်းထုတ်လွှင့်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဆိတ်ကွယ်ရာမရှိလို့ ဆင်ကွယ်ရာရှာရတဲ့ ဓာတ်ပြုမှု
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်ဂလောက် အာပေါက်အောင် ပြောရဆိုရမလဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ( ပြန်မရေးပြတတ်ဘူး ) / ရင်နာတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ နေ့ စဉ်နဲ့ အမျှကိုင်ထားတဲ့ စကားလုံးတွေ
ကဗျာရဲ့အဓိပ္ပာယ်ဟာ သောင်းပြောင်းထွေလာတွေ အပြည့်အသိပ်နဲ့ 
ကဗျာရဲ့အဓိပ္ပာယ်ဟာ လျှပ်တစ်ပြက်ပြေးဝင်လာတဲ့ လျှို့ဝှက်ချက်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘာသာစကားထဲကနေတစ်ဆင့် အာသာပြေမှု လွှတ်တယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ လုံးလုံးဖုံးမရဖိမရ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဟာ နောက်ထပ် အဓိပ္ပာယ်တစ်ခုကို ဖန်ဆင်းပြီး အေးအေးဆေးဆေးသွားအနားယူနေခဲ့တယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ သက်ပြင်းတွေ ခဏခဏ ချတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ တက်ထားပြီးသားမဏ္ဍပ်တိုင်ကြီး
ကဗျာရဲ့အဓိပ္ပာယ်ဟာ ရောက်ရာနေရာမှာ အက်ပ်ဒိတ်လုပ်ပစ်လိုက်တယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်အယူဝါဒတွေ ကြီးစိုးနေပြီလဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ လုံခြုံနွေးထွေးမှု အနည်းအကျဉ်းတောင် မရရှာတော့ဘူး
ကဗျာရဲ့အဓိပ္ပာယ်ဟာ ကြိုတင်ကြံစည်ခြင်းခံထားရတဲ့ နာရေးကူညီမှုပဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ကဗျာထဲကိုပြန်သွားရမယ်လို့ 
ကဗျာရဲ့အဓိပ္ပာယ်ဟာ မရောက်ဖူးတဲ့နေရာမှာ ခဏခဏ လှတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ အမွှေးထူတယ် ဇောက်နက်တယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ခွဲစိပ်ရမယ်၊ ဓာတ်ကင်ရမယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ မွေးရာပါ မဟုတ်တော့တဲ့ ပြန်လည်ဆန်းသစ်မှု
ကဗျာရဲ့အဓိပ္ပာယ်ဟာ ၂၅% နောက်ကျပြီးမှ ရောက်လာတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ နေ့စဉ်သုံး လစဉ်သုံး စွဲနေတဲ့ အညိုအမည်းတွေ
ကဗျာရဲ့အဓိပ္ပာယ်ဟာ fb ပေါ်ရောက်ခဲ့ပြီးပြီ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်မှာလဲ ထပ်မမေးကြေး
ကဗျာရဲ့အဓိပ္ပာယ်ဟာ လေထဲကို ရောက်နေကြတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်လောက် အဓိပ္ပာယ်မရှိလိုက်သလဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဒီဘာသာစကား ကို ချစ်ပါတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ လက်ဝါးရိုက်ထားတဲ့  တန်ရာတန်ကြေး
ကဗျာရဲ့အဓိပ္ပာယ်ဟာ ကြိုတင်မြင်တွေ့ဖူးခဲ့တာပဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ အလိုတော်အတိုင်းပဲ ဖြစ်လာတာပဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ သွားမကိုင်နဲ့  ၊၊ အရေးကြီးတယ် ၊၊
ကဗျာရဲ့အဓိပ္ပာယ်ဟာ အရေးပါတဲ့  လွှမ်းမိုးမှု ပဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိ / မရှိ မသိဘူး
ကဗျာရဲ့အဓိပ္ပာယ်ဟာ စိတ်ဝေဒနာအပြည့်နဲ့  အသက်ရှူလို့ 
ကဗျာရဲ့အဓိပ္ပာယ်ဟာ ရွာတစ်ရွာလို ဖြစ်နေပြီ
ကဗျာရဲ့အဓိပ္ပာယ်ဟာ စကြဝဠာထဲ ဆက်လက်စီးမျောခဲ့
ကဗျာရဲ့အဓိပ္ပာယ်ဟာ Dead သွားပြီ
ကဗျာရဲ့အဓိပ္ပာယ်ဟာ နာမည်ကြီးတယ် ၊ လူသုံးများတယ်
ကဗျာရဲ့အဓိပ္ပာယ်ဟာ (အရင်ကလည်းပြောခဲ့ဖူးတဲ့စကားပါ)
ကဗျာရဲ့အဓိပ္ပာယ်ဟာ ပုံပျက်ပန်းပျက်၊ ရုပ်ပျက်ဆင်းပျက်၊ စိတ်ပျက်နာမ်ပျက်
ကဗျာရဲ့အဓိပ္ပာယ်ဟာ အကျဉ်းချခံထားရဆဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ လမ်းဘေးမှာ သစ်ပင်တွေစိုက်လို့
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘယ်ကိုလွင့်စင်ရမှန်းမသိဘူး
ကဗျာရဲ့အဓိပ္ပာယ်ဟာ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဟုတ်တိပတ်တိ နေနိုင်လိုက်တာ
ကဗျာရဲ့အဓိပ္ပာယ်ဟာ ဘာအပြောင်းအလဲတွေ ဆောင်ကျဉ်းပေးနိုင်မလဲ
ကဗျာရဲ့အဓိပ္ပာယ်ဟာ တယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရလား ၊၊ ၊၊

-ဇာတိ-
May 19, 2011
ကိုးကား -  သိုးထိန်း (အန္တိမ) - ကဗျာရဲ့ အဓိပ္ပာယ်
ညွှန်း - ပန်းချီ ၊ လွန်းဆက်နိုးမြတ် ၊ နေမြဲ ၊ မောနွေ ၊ ဇောင်းလူ ၊ ဇာတိ ၊ ကြက်သွန်

No comments: