.

.
.

Tuesday, April 1, 2014

နှင့် ရုပ်ရှင်ကြည့်အပြီး တွင်



မေ ၄ ၊၊ အဲ့ဒီနေ့ မနက်မှာ နွားနို့ဟာ ဖြူတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ မသောက်ဘူး၊၊ လူတွေဟာ ရက်လွန်
နှင်းဆီတွေကို ခူးယူပစ်လိုက်ကြတယ်၊၊ ရေဒီယိုဟာ လွှင့်လက်စ
စာအုပ်ဟာ ဖတ်လက်စ ၊ ရုပ်ရှင်ဟာ ပြလက်စ ၊ စစ်ပွဲဟာ တိုက်လက်စ၊၊
တိုက်လက်စ လေတွေ ပြန်တိုက်လာရင် နှင်းဆီပန်းရနံ့တွေကို
လက်ခံရရှိနိုင်မှာပဲ ၊၊ တကယ်တော့၊ဒါပေမယ့် နှင်းဆီတွေဟာ
သေပြီးသားတွေ၊၊ နှင်းဆီတွေဟာ အလောင်းကောင်တွေ၊၊၊
ဂန္တဝင်ပန်းခြင်းထဲမှာ ၊ နံရပေါ်မှာ ၊ မြက်ခင်းပေါ်မှာ ၊ စာအုပ်တစ်အုပ်ကြားထဲမှာ
ပန်းအိုးထဲမှာ ၊ ဓာတ်ပုံထဲမှာ ၊ အသုဘတစ်ခု(ထက်ပို၍)မှာ၊၊
နေရာအနှံ့အပြားပဲ .. အိုး! ၊၊  မှတ်ဥာဏ်ထဲမှာ ၊၊ မှတ်ဥာဏ်ဟာ ထပ်မံ
ခံစားဖို့ နေရာလွတ်တွေ အများကြီး.. ၊၊၊ တဲ့ ၊၊ တီဗွီကို ပိတ်လိုက်တယ် ၊၊
            ဒီအဖြစ်အပျက်တွေဟာ / ဆယ်နှစ်လုံးလုံး Yes နဲ့ No ကို အမူအရာအမျိုးမျိုးနဲ့ ပြောနေတာနဲ့ပဲ /
အိုး အဲ့ဒါ တစ်မျိုးလုံး ချောကလက်တွေ ဖြစ်သွားစေချင်တဲ့ အကြောင်း / တီဗွီထဲက မှတ်ဥာဏ်မှာ နှင်းဆီတွေ ပန်ထားတဲ့ မိန်းမတစ်ယောက်ပါလာတယ်တွေ့လား / ဒမ်း.. ခင်ဗျားပဲ သူ့ကို သေနတ်နဲ့ ပစ်ခဲ့တာ / တက်တူးတွေမှာ ဘာအကြောင်းအရာအများဆုံးပါလဲ / ဥပမာ - ပူတင်းငှက်လေးနှစ်ကောင်တို့ / အိမ်မဲ့အိုးမဲ့တွေ မိုးရွာကြီးတွေထဲမှာ မိုး….မိုး ဘာလို့ရွာ လို့ အော်နေကြတာ / အိုး.. အဲ့ဒါငါတို့ပေါ့ / အထက်တန်းစား ချောကလက်တွေမုန်းတဲ့ ပုရွက်ဆိတ်တွေ / နစ်ဂါတစ်ပွေနဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ မူဗီတွေ အင်တာနက်မှာ တွေ့ရင် ခင်ဗျား ဆတ်ဆတ်ခါ နာနေမှာလား / အဲ့ဒါလည်း စစ်ပွဲတွေ တည်မြဲနေရခြင်း အကြောင်းပဲ / တစ်မြို့လုံးအထိရောက်အောင် လမ်းလျှောက်ထွက်ခဲ့တယ် / ပင့်ကူအိမ်တွေမှာ နေ့စဉ်ဆုံးရှုံးနေရတဲ့ အသက်တွေ / မင်းဟာ ငါ့လက်သည်းကြားထဲက ဂျီးပဲ / အဓိပ္ပာယ်တွေဟာ မြို့အနှံ့မှာ မှီတင်းနေထိုင်နေကြ / ဘယ်လိုမှ မခံစားရပါဘူးဟာ မူလ Yes နဲ့ မူလ No ရဲ့ အမူအရာ / TV ကို ပြန်ဖွင့်တယ် / ကျွန်မဟာ ရှင် မရှိတော့ တစ်ပေါက်ထဲရှိနေတဲ့ ပလပ်ပေါက်လိုပဲ / လေဒီဂါဂါ ၊ ကန်စွန်းရွက်ပဓာနဝါဒ ၊နဲ့ အလူမီနီယမ်ဂျပိုး တို့ ဘာတို့ ဒိုင်ကြောင်တွေ ငါ လျှောက်လွှတ်တယ် / ဒါဟာ ကဗျာ တစ်ပုဒ်လို့ ရိပ်မိလား /
တွေ့ရတာနဲ့ ဝမ်းသာတယ်နဲ့ အများအပြား … တွေနဲ့ ။။ ။။

ဇာတိ
2010

No comments: