.

.
.

Wednesday, April 2, 2014

အဝေးက လက်ဆောင်

အဝေးက လက်ဆောင်
မနေ့က သူမ တရားရုံးသို့သွားသည် ။ ပြီးခဲ့သည့် နှစ်(၈၀)က ချင်ပန်ဇီတစ်ကောင်အား သူမက မျောက်ခေါင်းစွပ်ပေးမိမှုနှင့်ပတ်သက်ကာ ချားလ်စ်ဒါဝင်က သူမအား အမှုဖွင့်ဆိုခဲ့ခြင်း ဖြစ်သည် ။
` မင်းက ဘာလို့ အဲ့လို လုပ်ရတာလဲ ။ ´
လူလိုလို မျောက်လိုလို ဖြစ်နေခြင်းကို မကြည့်ရက်သောကြောင့် လူသားချင်းစာနာထောက်ထားသော အားဖြင့် မျောက်စစ်စစ် ဘ၀သို့ ကူးပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သူမ ပြောပြသောအခါ လက်မခံဘဲ သူမအဖေက သူမကို ` ထွက်သွား ´ ဟု ပြောပါသည်။
လိုချင်သောမျိုးပွားအဂါင်္မရမှုနှင့်ပတ်သက်ကာအဖေနှင့်အမေအားသူမကတရားလိုလုပ်ကာတရားစွဲဆိုထားကြောင်း ပြန်လည်ပြောပြမိသောကြောင့် သူမအမေက ` ဆင်း ဆင်း ´ ဟုပြောပါသည် ။ အဘိုးနှင့် အဘွားက သူမ၏ မိုက်ပြစ်များ အတွက် ခွင့်လွှတ်ပေးရန် ဘုရားသခင်ထံတွင် အာပတ်ဖြေရန်ပြောသောအခါ သူမက  ` ဘုရား သခင်သေပြီ ´ ဟု ပြန်ပြောလိုက်ပါသည် ။
` နင့်ကို ဘယ်သူပြောသလဲ ´ ဟု မေးရာတွင်
` နီရှေး ´
ဟု သူမဖြေမိသောကြောင့် တစ်အိမ်လုံးက သူမကို အလုံး( နှင့်) အရင်း (နှင့်) နှင်ချကြပါသည် ။
သူမ အိမ်က ဆင်းလာသောအခါ ဂျက်ကီက လိုက်လာသည် ။
´ ဘာ လိုက်လုပ်မလို့လဲ ။ ´
` ကျွန်တော်က Palimpsest ကိုမုန်းတယ် ။ ´
သူမတို့ နှစ်ယောက် နေထိုင်ဖို့ အိမ်တစ်လုံးကို ကောင်းကင်ပြင်တွင် တည်ဆောက်လိုက်သည် ။ (နောက်ပိုင်းတွင် လေကြောင်းမလွတ်ကင်းမှု ဖြင့် ထိုအိမ်ကို ဖျက်သိမ်းလိုက်ရပါသည်။)  သူမကို စိန့်ပီတာက တွေ့သောအခါ ခွေးတစ်ကောင်နှင့် တူတူနေသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် သူမကို စိတ္တဇဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ထိုခွေးသည် သူ့ထက် အိုင်ကျူပိုမြင့်ကြောင်း သူမပြောမိသောကြောင့် သူ ငိုကြီးချက်မနှင့် အိုင်းစတိုင်းသို့ တိုင်ကြားခဲ့ပါသည်။ အိုင်းစတိုင်းကဟုတ်မှန်ကြောင်း ထောက်ခံသောကြောင့် နောက်ပိုင်းတွင် သူ့ကိုယ်သူ ကြိုးဆွဲချ သွားပါသည်။
စိတ္တဇဆေးရုံတွင် သူမအား အမဲရိုးဖြင့် ရှော့ရိုက်ကြရာ မိုနာလီဇာက ထမီစွန်တောင် ဆွဲလျက်လာရယ် ပြပါသည်။မျက်ခုံးမရှိဘဲ တဟားဟားလုပ်နေခြင်းကို သည်းမခံနိုင်သောကြောင့် သူမရှေ့မှ ဆရာဝန်ကို နှုတ်သီးဖြတ်ရိုက်လိုက်ရာ ဆရာဝန်သည် လင်းတတစ်ကောင်ဖြစ်သွားပါသည်။ ရှော့ရိုက်မှုဖြင့် သူမသည်အသိအာရုံများဖွံ့ဖြိုးလာရာ ကိုယ်ဟန်ပြမယ်ပုံများကို ဟမ်ဘာဂါအဖြစ် မြင်ယောင် စားသောက်နိုင်သည်အထိတိုးတက်လာပါသည်။
ဆေးရုံမှ ဆင်းသောအခါ သူမသည် အဆင်သင့်တွေ့ရသော နိုင်ငံရေး ကျောင်းသားများထည့်သွင်း ထားသော အချုပ်ကားကြီးတစ်စီး၏ နောက်တွင် ပုန်းပြီး လိုက်သွားပါသည်။ အစောင့်ကတွေ့သွား သောအခါ သူမကို စိုက်ကြည့်ပြီး သေနတ်ဖြင့် ချိန်ကာ ဒီမှာ ဘာလာလုပ်နေတာလဲ ဟု မေးပါသည် ။သူမတို့ ` ကျွန်မဟာ မရှင်းဂန်းစက် တစ်လုံးပါ ´ ဟု တညီတညွတ်တည်းဖြေလိုက် ( ကြ) ပါသည် ။ အစောင့်က သူ့အမြီးကြီး တရမ်းရမ်းနှင့် သူမ၏ အတောင်များကို အတော်ကြာ စိုက်ကြည့်ပြီး ` မင်းဟာ အိန်ဂျယ် ဖြစ်ရမယ် ´ ဟုဆိုကာ အတောင်များကို သော့ခတ်ပြီး The Veiling ပန်းချီကားထဲ ထည့်လိုက်ပါသည် ။
သူမ သက်ပြင်းချကာ သူမနှင့် မျက်နှာချင်းဆိုင်မှ လူကို ဘယ်လိုရောက်လာတာလဲ ဟု မေးလိုက်ပါသည် ။ ၄င်းက သူသည် Bill Violaကိုယ်တိုင် ဖြစ်ကြောင်း ပြောပြပါသည်။
` ကျွန်မတို့ တကယ်ဆုံ ဖြစ်ကြမှာလား´
ဟုသူမမေးသောအခါ၎င်းကလက်ခုပ်လက်ဝါးတီးလျက် သူ၏အနုပညာကို ရှမ်ပိန်ဖောက်ပြီး ချီးမြှောက်ပါသည်။ သူမ ခေါင်းခါကာ ခေါင်းအုံးကို ဆွဲထုတ်ပြီး ဒေါက်ဖိနပ်ဖြင့် ဖိထားလိုက်ပါသည်။
သူမ အိပ်ယာမှ နိုးသောအခါ နေသာပြီး လှိုင်းပြေသော ကမ်းခြေတစ်ခုသို့ ရောက်ရှိနေပါသည်။ ဘုရားသခင်ဆိုသူက သူမကို ပြုံးပြကာ ` ကမ်းမွန် ရှိတ်ကဲန်း ´ ဟု ပြောပါသည် ။သူမ သရဲကြောက်တတ်သောကြောင့် ထိုသူများကို မပြုံးပြခဲ့ပါ ။ သူမ မိုက်ကန်းကန်းကြည့်လိုက်ရာ ငါတို့ ရှင်ပြန် ထ မြောက်လာတာ မသိဘူးလား ဟု သူမကို တစ်ယောက် (ကို)တစ်ပေါက် နှုန်းဖြင့်ဝိုင်းဝန်းအပြစ်တင်ကြပါသည်။နီရှေးအားလည်း တရားစွဲဝါသနာ ပါသည့်အလျောက် သေဒဏ်ချမည်ဟု တစ်ယောက် (ကို ) တစ်ခွန်းကျစီ ၀ိုင်းပြောကြပါသည် ။
သူမ ဧ၀ရက်တောင်ထိပ်သို့ တက်သည်။ အပေါ်တွင် အောက်ဆီဂျင်နည်းသည့်အပြင် လိမ့်ကျလျှင် လက်ကျိုးမည် စိုးသောကြောင့် ပြန်ဆင်းလာပါသည်။ အဆင်းတွင်ဂူးစတပ်ဖလော်ဘာနှင့် တွေ့သည်။ဆရာကြီးတစ်ဆူအား လေးစားသောအားဖြင့်သူမအင်္ဂလန်လုပ် ပေသီးတစ်ခုကို လက်ဆောင်ပေးခဲ့ပါသည်။သူက သူမအား ကျေးဇူးပြန်ပြုသောအားဖြင့် စာအုပ်တစ်အုပ် ပြန်ပေး ခဲ့ပါသည်။သူမ ထိုစာအုပ်ကို ဖတ်မရပါ ။အများကြီးဖတ်လိုက်ရပါသည်။အဘယ့်ကြောင့်ဆိုသော်ဘာမှ ရေးမထားသောကြောင့် ဖြစ်ပါသည်။လမ်းတွင် ရေတွင်းတစ်တွင်းတွေ့ရာ သူမလှန်လှောဖတ်ရှု မိပါသည် ။ သူမ ခင်္ရီးထွက်နေစဉ် အတွင်း ဂျက်ကီသည် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိသွားပြီ ။ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာကို သူမ ပေးပို့ခဲ့ပါသည် ။
` ခင်ဗျားအရုးပဲ´
ဟုဆိုကာကိန်းကဘိုင်ဘယ်ကျမ်း ပြတင်းပေါက်မှ ချောင်းကြည့်ကာ သူမအား ဂျယ်လီတစ်လုံးပေးပါသည် ။ ` ရှင်မသေ သေးဘူးလား ´ ဟု သူမမေးလိုက်ရာ ` ကျုပ်ရော အေဘယ်ပါ ထာဝရ အသက် ရကုန်ကြပြီဗျ ´ ဟု ပြန်ပြောကာ စာအုပ်ကို ဂျိန်းခနဲ ပိတ်လိုက်ပါသည် ။ သူမ ခေါင်းခါလျက် ဆူနာမီဝင်တာ နင့်ကြောင့်လားဟု မေးလိုက်သောအခါ အစိမ်းရောင် ကြောင်ကလေးက တခိခိရယ်ပါသည် ။ (သူသည် တခိခိရယ်ခြင်းမှာ သူမကို အဖက်လုပ်သောကြောင့် မဟုတ်ဘဲ လေဒီဂါဂါကိုကြည့်လျက် နှာချေနေခြင်းဖြစ်ကြောင်းနောက်မှ သိရပါသည်။)
သူမ အလွန်ပျော်သောစိတ်ဖြင့် လေဘာတီရုပ်တုကြီးနှင့် တွဲကာ က လိုက်ပါသည် ။ သူမ ပိုင်သော ဂျယ်လီလေးအား ထောင်ပြကာ
သောက်ဦးမလားဟုမေးသောအခါ လေဘာတီရုပ်တုကြီးကသူမလက်ထဲမှမီးတိုင်ကိုမြှောက်ပြလျက်ငါ ဘာမှမမြင်ရဘူးဟု ပြန်ပြောပါသည်။
နောက်တစ်နေ့တွင် သူမသည် အန္တာတိက တိုက်မှ ပို့လိုက်သော ပါဆယ် တစ်ထုပ်ကို မေးလ်ဖြင့် လက်ခံရရှိပါသည် ။

 ချို ပိန်း နောင်
(Oct 7th , 11 ) (Night)

No comments: